Rakuten sim Card解約လုပ်နည်း
အကယ်လို့ Rakuten simကတ်သုံးနေပြီး၊လိုင်းမကောင်းလို့(သို့)မြန်မာနိုင်ငံပြန်တော့မှာမို့လို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့်မသုံးဖြစ်ခဲ့တော့ရင်解約(စာချုပ်ပယ်ဖျက်ခြင်း)လုပ်ပေးပါ။ဆိုင်ထိသွားလုပ်စရာမလိုပါဘူး၊အွန်လိုင်းကနေအချိန်2မိနစ်ပေးရင်ကို解約လုပ်လို့ရပါတယ်။
解約လုပ်နည်း
1.ပန်းရောင်အက်ပလီကေးရှင်းဖြစ်တဲ့「my楽天モバイル」ဆိုတဲ့အထဲကိုဝင်ပါ
2.အလယ်ကောင်မှာရှိတဲ့「契約プラン」ဆိုတာလေးကိုနှိပ်ပါ
3.အောက်နားလေးက「各種手続きへ進む」ဆိုတာလေးကိုတွေ့အောင်ရှာပြီးနှိပ်ပါ
4.အမှားခြစ်လေးပါတဲ့「解約」 ဆိုတာလေးကိုရွေးပါ
5.「次へ進む」ဆိုတာလေးကို ၃ကြိမ် နှိပ်ပါ
6.解約に伴う注意事項への同意① မှာ အောက်က ၆ကွက်လုံးကို အမှန်ခြစ်ပြီး「次へ進む」ကိုနှိပ်ပါ
7.အလားတူ解約に伴う注意事項への同意② မှာလည်း ၆ကွက်လုံးကို အမှန်ခြစ်ပြီး「次へ進む」ကိုနှိပ်ပါ
8.アンケートစစ်တမ်းများကို နံပါတ် ၁-၅ထိမဖြစ်မနေဖြေပေးရမှာဖြစ်ပါတယ်
နံပါတ် ၆က ဖြေဖြေမဖြေဖြေရပါတယ်
9.Rakutenအကောင့်အဖြစ် Registerလုပ်ထားတဲ့အီးမေးလ်ထဲကို ကုတ်နံပါတ်၆လုံးရောက်မှဖြစ်လို့ အီးမေးလ်မှာကုတ်နံပါတ်သွားစစ်ပေးပါ
ကုတ်ထည့်ပြီးရင် 「認証する」 ဆိုတာကိုနှိပ်ပါ
10.「解約を完了する」ဆိုတဲ့ပန်းရောင်အကွက်ကိုနှိပ်ပါ
「回線の解約手続き完了」လို့ပေါ်လာရင်ရပါပြီ