ဆင်းကတ်မလျှောက်ခင် အောက်ပါ၃ချက်ကို အရင်စစ်ဆေးပေးပါ
၁. မိမိဖုန်းက Rakuten Sim ဆင်းကတ်ထည့်သုံးလို့ရတဲ့ဖုန်း ဟုတ်မဟုတ်စစ်ပါ
လင့်ခ်ကိုနှိပ်ပြီးဟန်းဆက်အမျိုးစားရိုက်ထည့်လို့ရသလို၊သူ့အောက်မှာရေးထားတဲ့ဟန်းဆက်အမျိုးစားမှာပါမပါစစ်ကြည့်လို့ရပါတယ်
ဟန်းဆက်စစ်ရန်နှိပ်ပါ
နမူနာပုံကြည့်ရန်နှိပ်ပါ
၂. Rakuten Simကတ်သုံးလို့ဧရိယာဟုတ်မဟုတ်စစ်ဆေးပါ
ကိုယ်နေတဲ့နေရာဒေသကိုရိုက်ထည့်ပြီး ပန်းရောင်ပေါ်နေတယ်ဆိုရင် သုံးလို့ရပါတယ်
ဧရိယာစစ်ရန်နှိပ်ပါ
နမူနာပုံကြည့်ရန်နှိပ်ပါ
၃.ငွေပေးချေဖို့ယူချောဘဏ်နဲ့ချိတ်ချင်တယ်ဆိုရင် ၊ဘဏ်စလုပ်တုန်းကထည့်ထားတဲ့ဖုန်းနံပါတ်ရှိထားမှရပါမယ်
(ဘဏ်နဲ့ချိတ်ရာမှာအဲ့ဒီဖုန်းထဲကိုကုတ်နံပါတ်ရောက်မှာဖြစ်ပြီး၊အဲ့ကုတ်နံပါတ်ကိုထည့်ရမှာဖြစ်လို့ပါ)
တခြားဘဏ်ကတ်နဲ့ချိတ်မဲ့သူကတော့ဖုန်းထဲကိုကုတ်မရောက်လို့မလိုအပ်ပါဘူး။
အပေါ်ကအချက်တွေစစ်ပြီးလို့အဆင်ပြေရင်ဆင်းကတ်လျှောက်လို့ရပါပြီ
ဆင်းကတ်ပလန်တွေကတော့
3GB အထိကို 980円(အခွန်ပါ1078円)
20GBအထိကို 1980 円(အခွန်ပါ 2178円)
အကန့်သတ်မရှိ 2980円(အခွန်ပါ 3278円)
နမူနာပုံကြည့်ရန်နှိပ်ပါ
ပလန်ရွေးစရာမလိုပါဘူး။လကုန်ရင် သုံးထားတဲ့ GB အတိုင်းကောက်သွားမှာဖြစ်ပါတယ်(အနည်းဆုံးတော့ 3GB အထိကို 980円ကောက်ပါတယ်)
တလဆီဖြတ်ပါတယ်(ဥပမာ11/1~11/30)အထိသုံးထားတာကို နောက်လ၂၇ရက်နေ့မှဆောင်ရပါတယ်
※注意အားနည်းချက်ကတော့ မြေအောက်ရောက်ရင်လိုင်းသိပ်မမိပါဘူး
2020ခုနှစ် 10လပိုင်း1ရက်နေ့ကစပြီး မြန်မာနိုင်ငံကိုအဝခေါ်လို့ရတဲ့ ပလန်မရှိတော့ပါဘူး
ဂျပန်ကနေမြန်မာပြည်ကိုခေါ်မယ်ဆိုရင် စက္ကန့် ၃၀ ကို 138¥ဖြစ်ပါတယ်
ဆင်းကတ်လျှောက်ပြီးတာနဲ့ အချက်လက်သာမှန်ကန်ရင် ၃-၄ရက်တွင်းကတ်ပို့ပေးပါတယ်
ကတ်မရောက်ရင်အချက်လက်မပြည့်စုံတာမျိုး/နာမည်မှားနေတာမျိုးရှိလို့ပြန်ဖြည့်ရပါတယ်(အီးမေးလ်စစ်ပေးပါ)
ပွိုင့်ရချင်ရင်ကတ်ရတာနဲ့ ဖုန်းခေါ်တဲ့ပန်းရောင်အက်ပလီကေးရှင်းကိုဒေါင်းပြီးသူငယ်ချင်းတစ်ယောက်ယောက်ကို၁၅စက္ကန့်ဖုန်းခေါ်ရပါမယ်
အက်ပလီဒေါင်းရန်နှိပ်ပါ
ကိုယ်သုံးထားတဲ့ဒေတာကြည့်ချင်ရင်အောက်ပါအက်ပလီကိုဒေါင်းလုတ်ဆွဲပါ
အက်ပလီဒေါင်းရန်နှိပ်ပါ
ပွိုင့်ရရှိမဲ့ကာလကတော့ ကတ်အသုံးပြုပြီးတာနဲ့
၄လ အကြာမှာ ပွိုင့်၂၀၀၀
၅လအကြာမှာ ပွိုင့် ၂၀၀၀
၆လအကြာမှာ ပွိုင့် ၂၀၀၀ ဆိုပြီးလကုန်မှ ပေးပါတယ်
နမူနာပုံကြည့်ရန်နှိပ်ပါ
ပွိုင့်ကိုကြည့်ဖို့နဲ့သုံးဖို့အတွက်အောက်ပါRakuten Payအက်ပလီကေးရှင်းကိုဒေါင်းလုတ်ဆွဲပါ
https://pay.rakuten.co.jp/detail/
လော့အင်ဝင်ရမှာ ဆင်းကတ်လျှောက်ထားတဲ့ အီးမေးလ်နဲ့ပက်စဝက်ထည့်ပြီးလော့အင်ဝင်ရပါမယ်
အသစ်ဖွင့်စရာမလိုပါဘူး(အသစ်ဖွင့်ရင်ပွိုင့်မရပါဘူး၊အကောင့်မတူတော့တဲ့အတွက်ပါ)
နမူနာပုံကြည့်ရန်နှိပ်ပါ
ပွိုင့်စုချင်ရင် R-pointကဘားကုတ်ကိုပြပြီးစုပါ။ပွိုင့်သုံးချင်ရင်「ポイントを使います 」လို့ပြောရုံပါပဲ
သို့မဟုတ် R-pay ဘားကုတ်လေးပြပြီးသုံးရုံပါပဲ
နမူနာပုံကြည့်ရန်နှိပ်ပါ
သုံးလို့ရတဲ့ဆိုင်တွေမှာRဆိုတဲ့အမှတ်တံဆိပ်ရှိပါတယ်(ဆိုင်တိုင်းသုံးလို့မရတာမို့သတိပြုပါ)
နမူနာပုံကြည့်ရန်နှိပ်ပါ
Rakutenpoint使える店舗သုံးလို့ရတဲ့ဆိုင်ကိုရှာကြည့်နိုင်ပါတယ်
လျှောက်ချင်သူများအီးမေးလ်လာပေးကြပါ