မိုင်နမ်းဘားလျှောက်နည်း
မိုင်နမ်းဘားကတ်ဆိုသည်မှာ
ကျွန်တော်တို့ဂျပန်ကိုစ,ရောက်ပြီး၂ပတ်အတွင်းマイナンバー通知カードလို့ခေါ်တဲ့မိုင်နမ်းဘားအသိပေးကတ်(အစိမ်းရောင်)ရကြပါတယ်။
အဲ့တာကိုမိုင်နမ်းဘားလို့ခေါ်တာမဟုတ်ပါဘူး။မိုင်နမ်းဘားဆိုတာပန်းရောင်ကတ်ဖြစ်ပြီးဓါတ်ပုံနဲ့ကိုယ်ရေးအချက်လက်တွေရေးထားတဲ့ဇိုင်းလျူးကတ်လို့ကတ်ထူထူလေးဖြစ်ပါတယ်။
ဒီနေ့ကျွန်တော်ပြောပြမှာအဲ့ဒီပန်းရောင်ကတ်လျှောက်နည်းပဲဖြစ်ပါတယ်။ဘာအတွက်လျှောက်တာလဲဆိုရင်ခုမိုင်နမ်းဘားကတ်လုပ်ပြီးပွိုင့်၂သောင်းပေးနေတဲ့အစီစဥ်လေးစ,နေလို့ပါ။
ဒီတခေါက်အစီစဥ်ကရက်အကန့်သတ်ရှိပါတယ်။
2022.9.30မတိုင်ခင်မိုင်နမ်းဘားပန်းရောင်ကတ်လျှောက်ထားသူများအတွက်ပဲဒီအစီစဥ်ကအကျုံးဝင်မှာဖြစ်လို့သတ်မှတ်ရက်မတိုင်ခင်မြန်မြန်လျှောက်ကြပါနော်။
ပွိုင့်၂သောင်းယူဖို့နောက်ဆုံးရက်က
2023.2လပိုင်းကုန်ထိသတ်မှတ်ထားပါတယ်၊အဲ့ဒီရက်ကျော်သွားရင်မရနိုင်တော့ပါဘူး။
မိုင်နမ်းဘားပန်းရောင်ကတ်လျှောက်ရင်ချက်ချင်းတန်းမရပါဘူး၊၁လလောက်ကြာတတ်ပါတယ်။
မိုင်နမ်းဘားကတ်သည်ဇိုင်းလျူးကတ်သက်တမ်းကုန်ဆုံးသည့်ရက်နှင့်တူတူပဲဖြစ်လို့သက်တမ်းတိုးရန်လိုအပ်ပါတယ်။
မိုင်နမ်းဘားကတ်စ,လျှောက်နည်း
အရင်ဆုံးမိမိနေထိုင်တဲ့ရပ်ကွက်ရုံးကိုသွားပြီးマイナンバーカード交付申請書 ဆိုတဲ့လျှောက်လွှာကိုတောင်းပါ။
ゆうそうလား?သို့မဟုတ်オンライン申請လားဆိုပြီးမေးခံရပါလိမ့်မယ်။
オンライン申請အွန်လိုင်းကနေလျှောက်မယ်လို့ပြောလိုက်ပါ။
(၂၀၂၂ခုနှစ်၇လပိုင်းကနေစ,ပြီးအဲ့လိုလျှောက်လွှာဖောင်တွေကိုအိမ်ကိုပို့ပေးတော့မယ်လို့ပြောထားပါတယ်၊ခုအခြေအနေကတော့မြန်မြန်လျှောက်ချင်ရင်ရုံးမှာသွားယူဖို့အကြံပေးပါတယ်)
အွန်လိုင်းကနေလျှောက်ဖို့အဆင့်၆ဆင့်ပြုလုပ်ရပါမယ်
PDF File လေးကိုကြည့်ပြီးတဆင့်ချင်းဆီလုပ်သွားပေးပါနော်။
ဗီဒီယိုကြည့်လိုသူများအပိုင်း-၁
ဒုတိယအပိုင်းမှာတော့ပွိုင့်၂သောင်းလျှောက်နည်းကိုပြောပြပေးပါမယ်။
ကျေးဇူးအများကြီးတင်ပါတယ်
By Nang(2022.9.1)