ဂျပန်စာမလေ့လာခင်ဂျပန်ကိုသွားလို့ရနိုင်တဲ့နည်းလမ်းလေးတွေအရင်သိအောင်လုပ်ကြမယ်
ဂျပန်ကိုအများဆုံးသွားနေတဲ့နည်းလမ်း၄မျိုးမှာ
အလုပ်သင်
အထူးကျွမ်းကျင်လုပ်သား
အလုပ်ဗီဇာ(အဆင့်မြင့်လုပ်သား)
ကျောင်းသားဖြစ်ပါတယ်။
ပိုက်ဆံရှာဖို့သွားကြတာကအပေါ်၃ခုဖြစ်ပြီး၊ပညာသွားသင်ချင်ရင်ကျောင်းနဲ့သွားဖို့အကြံပေးပါတယ်
၁၀တန်းမအောင်ပဲပိုက်ဆံရှာဖို့သွားချင်ရင်အပေါ်ဆုံးကအလုပ်သင်နဲ့အထူးကျွမ်းကျင်လုပ်သားဗီဇာနဲ့သွားလို့ရပါတယ်။
ဒီနေ့ပြောပြမဲ့အကြောင်းအရာကတော့အလုပ်သင်နဲ့ပတ်သက်ပြီးအမေးများတဲ့မေးခွန်း
ဒါလေးသာဖတ်ပြီးရင်အလုပ်သင်နဲ့သွားလိုသူများအတွက်သေချာနားလည်သွားမှာဖြစ်ပါတယ်
A1: အလုပ်သင်(ခေါ်)နိုင်ငံခြားအလုပ်သင်စနစ်ဆိုသည်မှာအလုပ်သွားလုပ်တယ်ဆိုတာထက်စာရင်နည်းပညာသွားပြီးသင်ယူတယ်လို့ပြောရင်ပိုမှန်ပါတယ်။ရည်ရွယ်ချက်ကနိုင်ငံတကာကအလုပ်သမားတွေကိုဂျပန်နိုင်ငံသို့ခေါ်ယူပြီးဂျပန်နိုင်ငံရဲ့စက်မှုလက်မှုနည်းပညာတွေကိုလာရောက်လေ့လာသင်ယူစေပြီးနောက်၊ကိုယ့်တိုင်းပြည်ကိုပြန်ပြီးဂျပန်နိုင်ငံမှာလေ့လာသင်ယူခဲ့တဲ့အသိပညာ၊အတတ်ပညာတွေကိုပြန်လည်အသုံးချခြင်းအားဖြင့်မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်ထောင့်တစ်နေရာကနေအားဖြည့်ဆောင်ရွက်ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရေးဆွဲပြဌာန်းထားခြင်းဖြစ်ပါတယ်။ဒါကြောင့်သင်တန်းသားများအနေနဲ့အလုပ်သင်တန်းဌာနမှကြိုတင်ရေးဆွဲပေးထားတဲ့အလုပ်သင်ပရိုဂရန်အစီအစဥ်တိုင်းလေ့ကျင့်သင်ယူရမှာဖြစ်ပါတယ်။
A2: ၁နှစ်၊၃နှစ်၊၅နှစ်ဆိုပြီးရှိပါတယ်။ဂျပန်သို့ရောက်ရှိပြီးအဆင့်ဆင့်ကိုအောက်ပါပုံတွင်ကြည့်ပါ။
အလုပ်အမျိုးအစားပေါ်မူတည်ပြီး၅နှစ်ထိနေလို့မရသည့်အလုပ်အမျိုးစားရှိသည်ကိုသတိပြုစေလိုပါသည်
အလုပ်သင်အဆင့်၁ | ၁နှစ်မြောက် |
အလုပ်သင်အဆင့်၂ | ၂နှစ်မြောက် |
၃နှစ်မြောက် |
အလုပ်သင်အဆင့်၃သို့မကူးပြောင်းမီ တစ်လကျော်မိမိနိုင်ငံသို့ခေတ္တပြန်ရမည်
အလုပ်သင်အဆင့်၃ | ၄နှစ်မြောက် |
၅နှစ်မြောက် |
အလုပ်သင်အလုပ်အမျိုးအစား(ဂျပန်ဘာသာ)
အလုပ်သင်အလုပ်အမျိုးအစား(မြန်မာဘာသာပြန်)coming soon
အလုပ်သင်အဆင့်၂မှအဆင့်၃သို့ကူးပြောင်းလို့မရသောနယ်ပယ်ရှိပါသလား?
အောက်ပါအလုပ်အမျိုးအစား၁၄မျိုးတို့မှာ အလုပ်သင်အဆင့်၃သို့ကူးပြောင်း၍မရနိုင်ပါ။
漁船漁業(棒受網漁業) ※3号に移行することはできません
農産物漬物製造業(農産物漬物製造)※3号に移行することはできません
医療・福祉施設給食製造(医療・福祉施設給食製造)※3号に移行することはできません
カーペット製造(織じゅうたん製造作業) ※3号に移行することはできません
カーペット製造(タフテッドカーペット製造作業) ※3号に移行することはできません
カーペット製造(ニードルパンチカーペット製造作業) ※3号に移行することはできません
印刷(グラビア印刷作業) ※3号に移行することはできません
リネンサプライ(リネンサプライ仕上げ作業)※3号に移行することはできません
宿泊(接客・衛生管理作業) ※3号に移行することはできません
ゴム製品製造(成形加工作業)※3号に移行することはできません
ゴム製品製造(押出し加工作業)※3号に移行することはできません
ゴム製品製造(混練り圧延加工作業)※3号に移行することはできません
ゴム製品製造(複合積層加工作業)※3号に移行することはできません
空港グランドハンドリング(客室清掃作業) ※3号に移行することはできません
Q5: အလုပ်သင်နှစ်မပြည့်ခင်(၃နှစ်သို့မဟုတ်၅နှစ်)အလုပ်ပြောင်းလို့ရလား?
A5: ၃နှစ်မပြည့်ရင်အလုပ်ပြောင်းလို့မရပါဘူး။အကယ်လို့များလုပ်ခွင်မှာပြသနာဖြစ်တာမျိုး၊အနိုင်ကျင့်ခံရတာမျိုး၊မတရားခိုင်းတာမျိုးရှိလို့မကျေနပ်ရင်တိုင်တန်းလို့ရတဲ့နေရာတွေရှိပါတယ်။မြန်မာဘာသာနဲ့လည်းတိုင်တန်းလို့ရနိုင်တာမို့တခုခုဖြစ်ရင်အရင်ဆုံးထွက်ပြေးမယ်မစဥ်းစားပဲတိုင်ပင်ကြည့်ပါ။အလုပ်ရှင်ဘက်မမှားကြောင်းသက်သေယူထားနိုင်ရင်ပိုကောင်းပါတယ်။အဲ့လို့အလုပ်ရှင်ဖက်ကမှားကြောင်းအတည်ပြုနိုင်ရင်အလုပ်အမျိုးအစားပြောင်းလို့မရပေမဲ့ကုမ္ပဏီကိုတော့ပြောင်းပေးတာမျိုးကို監理団体(ခေါ်)ခုမိအအိကတာဝန်ယူပေးပါတယ်။
အနိုင်ကျင့်ခံရပါက
UAzensen Myanmar
မိခင်ဘာသာစကားဖြင့်တိုင်ပင်ဆွေးနွေးခြင်း
Facebook Messengerတွင်အသံဖိုင်ပို့ပြီးတိုင်ပင်ခြင်း
အောက်ပါဖေ့ဘွတ်သို့လည်းဆက်သွယ်တိုင်ပင်နိုင်ပါတယ်
အလုပ်သင်နဲ့ပတ်သက်ပြီးစွယ်စုံသိတဲ့ဆရာရဲ့Groupပါ
A6: ဂျပန်နိုင်ငံသို့အလုပ်သင်ဗီဇာဖြင့်သွားရောက်လုပ်ကိုင်ခြင်းအတွက်အေဂျင်ဆီဖိုးဒေါ်လာ ၂၈၀၀နဲ့အခွန် ၅ရာခိုင်နှုန်းဖြစ်ပါတယ်။
(အခွန်5%မကောက်ခံတဲ့အေဂျင်ဆီလည်းရှိပါတယ်)
အမသိတဲ့MYANMAR UNITYကတော့ဒေါ်လာ၂၈၀၀မှလွဲပြီးတခြားကောက်ခံခြင်းမရှိပါ။
(စုံစမ်းမယ်ဆိုသေချာမေးကြည့်ပါနော်)
သတ်မှတ်ချက်အရကတော့ဂျပန်စာကိုN5/N4အဆင့်ထိသင်ယူထားရပါမယ်။
(JLPTအောင်လက်မှတ်တို့မလိုပေမဲ့ ခိုင်းဂေါ့လို့ခေါ်တဲ့ဘိုးဘွားပြုစုစောင့်ရှောက်ရေးနယ်ပယ်နဲ့သွားချင်ရင်တော့ဂျပန်စာအနည်းဆုံးN4အောင်လက်မှတ်ရှိရပါမယ်)
N5ကနေစသင်မယ်ဆိုရင် N4အနည်းဆုံး၆လလောက်တော့အချိန်ပေးရပါလိမ့်မယ်။
*N5/N4ထိသင်ယူဖို့မိမိအရည်ချင်း/သင်ယူတဲ့အချိန်ပေါ်မှာမူတည်လို့အတိအကျပြောလို့မရပါဘူးနော်။
နောက်လိုအပ်ချက်တခုကတော့အင်တာဗျူးအောင်အောင်ဖြေဖို့ပါပဲ။အင်တာဗျူးမအောင်ရင်တော့ပိုပြီးအချိန်ပေးရမှာဖြစ်ပါတယ်။
နောက်ဆုံးတခုကတော့ပြည်ဝင်ခွင့်ကျဖို့စောင့်ရတာပါ(ပြည်ဝင်ခွင့်ကျဖို့အနည်းဆုံး၁-၃လအထိကြာတတ်သလို၊အခြေအနေပေါ်မူတည်ပြီပိုကြန့်ကြာတတ်တာလည်းရှိတတ်ပါတယ်)
တက်တူးဖျက်ထားတာရှိလည်းအခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်တတ်တဲ့အတွက်အေဂျင်ဆီကိုတိုက်ရိုက်စုံစမ်းတာပိုကောင်းပါတယ်
ဥပမာနယ်ဘက်ဖြစ်ပြီး
အခြေခံလစာအနိမ့်ဆုံးမြို့ဖြစ်တဲ့ 高知、沖縄 820円 (၁နာရီ)
အခြေခံလစာအမြင့်ဆုံးမြို့ဖြစ်တဲ့ 東京 1041円(၁နာရီ)
တလအလုပ်ဆင်းရက်22ရက်
1ရက်8နာရီ=8နာရီ×22ရက်=176 နာရီ
1နာရီ=820円→176 နာရီ×820円=144320円
1နာရီ=1041円→176 နာရီ×1041円=183216円
ဒီလစာထဲမှာအချိန်ပိုဆင်းတာမျိုး/ညဆိုင်းဆင်းတာမျိုး/ပိတ်ရက်အလုပ်ဆင်းတာမျိုးနဲ့တခြားထောက်ပံ့ကြေးပေးတာမျိုးမပါဝင်သေးပါ။ဒီငွေအမောင့်အတိုင်းလက်ထဲကိုရရှိမှာမဟုတ်ဘူးဆိုတာသိထားဖို့လိုအပ်ပါတယ်။အခွန်တွေနှုတ်အုံးမှာဖြစ်ပါတယ်။
ဂျပန်ကစီနီယာများရဲ့လစာကိုဗဟုသုတအနေနဲ့ကြည့်ပါ⇐နှိပ်ပါ
kyodai remittance myanmar
မြန်မာပြည်မှာယန်းငွေလဲတဲ့Rateကိုတော့မသိပါဘူး။
စုံစမ်းမေးမြန်းကြည့်ပြီးကိုယ်တိုင်ဆုံးဖြတ်ကြပါနော်။
KSMMA(KYAL SIN MYINT MYAT AUNG SERVICE CO.LTD)
UNIVERSE Vocational School(UVS日本語教育&職業訓練センター)
Arbourfield International Co.,Ltd Manpower Agency
AAM JapaneseTraining Center(All Access Myanmar Co.,Ltd)
Sakura Global Japanese Traning Center
ZA Training & Japanese Language Center
Sakura Sisters Japanese Language Center
Khaing Parami Japanese Language Center
(Myanmar Sankouကိုတော့ခုတလောသတင်းမကောင်းလို့မညွှန်းတော့ပါဘူး)
အစိုးရမှထုတ်ပြန်ထားသောတရားဝင်အေဂျင်စီစာရင်းများ
ကိုယ်တိုင်စဥ်းစားပြီးရွေးချယ်နိုင်ကြပါစေ
ကျေးဇူးအများကြီးတင်ပါတယ်
By Nang(2022.8.9)
အထူးကျွမ်းကျင်လုပ်သားဗီဇာအကြောင်းဖတ်ရန်(Coming soon)